ဆိုမာလီပင်လယ်ဓားပြများမှ ပြန်ပေးဆွဲခဲ့သော ကုန်တင်သင်္ဘောတစ်စင်းကို ကယ်ဆယ်နိုင်ခဲ့ပြီး သင်္ဘောသားများ ဘေးကင်းကြ

(GMT+08:00)2024-03-18 15:44:58  

မတ်လ ၁၅ရက်နေ့က အိန္ဒိယစစ်သင်္ဘော တစ်စင်းသည် ဆိုမာလီပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲမှုကို လပေါင်းများစွာခံခဲ့ရသော ကုန်တင်သင်္ဘောတစ်စင်းကို ကယ်ဆယ်နိုင် ခဲ့ကြောင်း၊ ပင်လယ်ဓားပြ ၃၅ဦးလုံးကို ဖမ်းဆီးပြီး သင်္ဘောသား ၁၇ဦးလုံးကို ကယ်ဆယ်ခဲ့ ကြောင်း၊ သင်္ဘောသားအားလုံး ဘေးကင်းကြောင်း မတ်လ ၁၆ရက်နေ့က အိန္ဒိယ ရေတပ်မှ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

APသတင်းဌာနမှ သတင်းအရ အဆိုပါ ကုန်တင်သင်္ဘောသည် “Ruen” အမည်ရှိပြီး မော်လတာနိုင်ငံအလံကို ချိတ်ထားကာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၄ရက်နေ့က ဆိုမာလီနှင့် ကီလိုမီတာ ၂၄၀ခန့် ကွာဝေးသော ပင်လယ်ရပ်ဝန်း၌ ပြန်ပေးဆွဲခံရကြောင်း သိရပါသည်။ ပြင်သစ်သတင်းဌာနမှ သတင်းအရ ထိုအချိန်က ပင်လယ်ဓားပြများသည် အိန္ဒိယ ရေတပ်ထံသို့ ဒဏ်ရာရရှိသော ဘူလ်ဂေးရီးယားသင်္ဘောသားတစ်ဦးကို လွှဲပြောင်းပေးအပ်ခဲ့ ပြီး ဘူလ်ဂေးရီးယားသင်္ဘောသား ၇ဦး၊ မြန်မာသင်္ဘောသား ၉ဦး၊ အန်ဂိုလန်သင်္ဘောသား ၁ဦး အပါအဝင် ကျန်ရစ်သော သင်္ဘောသား ၁၇ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။