ဂါဇာဒေသတွင် ငတ်မွတ်မှုအခြေအနေပြင်းထန်းလာခြင်းကို ကုလသမဂ္ဂအေဂျင်စီက သတိပေး

(GMT+08:00)2024-03-18 15:38:36  

ဂါဇာ ကမ်းမြောင် ဒေသမြောက်ပိုင်း၌ ဆိုးရွားသောအာဟာရချို့တဲ့မှုပြဿနာကိုရင်ဆိုင်နေရပြီး ဒေသခံ အသက်၂ နှစ်အောက် ကလေး ၃ ယောက်တွင် ၁ ယောက်သည် ပြင်းထန်သောအာဟာရချို့တဲ့မှု ကြုံတွေ့နေသည်ဟု ကုလသမဂ္ဂ အရှေ့အနီးပိုင်းရှိ ပါလက်စတိုင်း ဒုက္ခသည် ကယ်ဆယ်ရေး နှင့် လုပ်ငန်းအစီအစဉ် အေဂျင်စီ(United Nations Relief and Works Agency for Palestine Refugees in the Near East)(UNRWA)က ယခုလ ၁၆ ရက်နေ့ကသတိပေးခဲ့ကြောင်း၊ ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဂါဇာကမ်းမြှောင်သို့ အကူအညီ ပစ္စည်းများ ဝင်ရောက်ရန် အတားအဆီးများနှင့် ကန့်သတ်ချက်များ ထားရှိခြင်းအတွက် အစ္စရေးအား ဝေဖန်ခဲ့ကြောင်း၊ အစ္စရေးနိုင်ငံသည် ၎င်းကို ငြင်းဆိုပြီး ကုလသမဂ္ဂမှ ပေးအပ်သောအကူအညီမလုံလောက်ဟု ပြန်လည်ချေပကြောင်း သိရပါသည်။