ကြိုးပမ်းမှုများဖြင့် ခန့်မှန်းခြေ စီးပွားရေး တိုးနှုန်း ၅ရာခိုင်နှုန်းကို အကောင်အထည် ဖော်ဆောင်နိုင်မည်ဟု တရုတ် အမျိုးသား စာရင်းအင်း ဌာနဆို

(GMT+08:00)2024-03-18 14:37:44  

    ယခုလ ၁၈ရက်နေ့တွင် တရုတ် အမျိုးသား စာရင်းအင်း ဌာနမှ ပြောရေးဆိုခွင့်ရှိသူ လျူအဲ့ဟွာက နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ စီးပွားရေး လည်ပတ်မှု အခြေအနေကို ကြည့်လျှင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရင်ဆိုင်နေရသော ပတ်ဝန်းကျင်သည် ရှုပ်ထွေး တင်းမာ ခက်ခဲမှုများ ရှိမြဲရှိနေသေး သော်လည်း တရုတ် စီးပွားရေး အခြေခံ အခြေအနေသည် ဆက်တိုက် ကောင်းမွန်လာပြီး စီးပွားရေး နာလန်ပြန်ထူရန် တွန်းအားပေးနေသည့် အပြုသဘောဆောင်သော အချက်များ တိုးပွားနေကာ မက္ကရို မူဝါဒ၏ အကျိုးသက်ရောက်မှု ဆက်တိုက် ပေါ်လွင်လာသောကြောင့် ခန့်မှန်းခြေ စီးပွားရေး တိုးနှုန်း ၅ရာခိုင်နှုန်းခန့်ကို အကောင်အထည် ဖော်ဆောင်ရန် အခြေအနေရှိပြီး ကြိုးပမ်းမှုများဖြင့် အကောင်အထည် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။