အစ္စရေးစစ်တပ်သည် အစီအစဉ်အရ ရာဖာတွင် မြေပြင်ထိုးစစ်ဆင်မည်ဟု အစ္စရေးဝန်ကြီးချုပ်ဆို

(GMT+08:00)2024-03-18 15:39:16  

ဒေသစံတော်ချိန် မတ်လ ၁၇ရက်နေ့က ကျင်းပသော ကက်ဘိနက်အစည်းအဝေးတွင် အစ္စရေးဝန်ကြီးချုပ် နယ်တန်ယာဟုသည် နိုင်ငံတကာမှ ဖိအားဘယ်လောက်ပေးပေး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ စစ်ရေးလှုပ်ရှားမှုရည်မှန်းချက် အားလုံးကို အကောင်အထည်ဖော်ရန် မတားဆီးနိုင်ကြောင်း၊ အစ္စရေး စစ်တပ်သည် ဟားမတ်စ်ကို ချေမှုန်းသုတ်သင်ပြီး အကျဉ်းသားအားလုံးကို ကယ်တင်ကာ ဂါဇာကမ်းမြောင်ဒေသ အနေနှင့် အစ္စရေး အပေါ် ခြိမ်းခြောက်မှု မဖြစ်တော့ရန် အာမခံပေးမည် ဖြစ်ကြောင်း၊ ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အစ္စရေးကာကွယ်ရေးစစ်တပ်သည် အစီအစဉ်အရ ရာဖာတွင် မြေပြင်ထိုးစစ်ဆင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။