ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရထား လမ်းချော်မှုကြောင့် လူ ၄ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

(GMT+08:00)2024-03-18 15:45:32  

    ဒေသစံတော်ချိန် မတ်လ ၁၇ရက်နေ့ နေ့လယ်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Chattogramဆိပ်ကမ်းဒေသ Comillaခရိုင် ဘူတာရုံတွင် မီးရထားတစ်စီးသည် လမ်းချော်မှု မတော်တဆဖြစ်ပွားခဲ့သောကြောင့် လူ ၄ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းမတော်တဆမှုကြောင့် ရထားလမ်း ၃လမ်းထက်မနည်းပေါ်တွင် ပြေးဆွဲနေသော ရထားများ ယာယီရပ်ဆိုင်းခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။