ရှန်ဟိုင်းပြတိုက်တွင် ကျင်းပသော “Sanxingdui ကြေးခေတ် အဆောက်အဦ အကြွင်းအကျန်” အထူးပြပွဲ လူကြိုက်များ

(GMT+08:00)2024-03-18 14:59:10  

မတ်လ ၁၇ရက်နေ့က ရှန်ဟိုင်းပြတိုက်တွင် “ထွန်းလင်းတောက်ပသောတရုတ်နိုင်ငံ- Sanxingdui ကြေးခေတ်အဆောက်အဦအကြွင်းအကျန် Jinsha ရှေးဟောင်း Shu ယဉ်ကျေးမှုပြပွဲ” ကျင်းပနေပါသည်။

    ယခုအကြိမ်ပြပွဲ၌ ကြေး၊ရွှေနှင့်ကျောက်စိမ်းများအပါအဝင် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်း ၃၆၃ ခု/အစုံ ကို ပြသခဲ့ရာတွင် ပြည်တွင်းပြည်ပ ပရိသတ်များအား ရှေးဟောင်း Shu ယဉ်ကျေးမှု၏ တမူထူးခြားသော ဆွဲဆောင်မှုများကို ဘက်စုံပြသ၍ တရုတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရာတွင် အမျိုးအစား စုံစုံလင်လင်ထားရှိမှု၊ တစ်သားတည်းဖြစ်မှုနှင့် တံခါးဖွင့်ပြီး အားလုံး ပါဝင်နိုင်မှု များကိုအဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။