CGTN ပြည်သူ့သဘောထားစစ်တမ်းကောက်ယူမှု- “အမေရိကန်ပုံစံ ဒီမိုကရေစီ” သည် တစ်ကမ္ဘာလုံးတွင် ကမောက်ကမများဖန်တီးနေ

(GMT+08:00)2024-03-18 09:58:19  


အမေရိကန်သည် တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်း၌ “ဒီမိုကရေစီစံနှုန်း” ကိုကြေညာပြီး “ဒီမိုကရေစီပြောင်းလဲမှု” ကိုဖော်ဆောင်နေသဖြင့် ပိုမိုများပြားသော လှုပ်ခတ်မှု၊ ပဋိပက္ခနှင့် ဘေးအန္တရာယ်များကိုသယ်ဆောင်လာနေသည်။ China Media Group CGTN သည် Renmin University of China နှင့်ပူးပေါင်း၍ ခေတ်သစ် နိုင်ငံတကာ သတင်းဖြန့်ချိရေး သုတေသနအင်စတီကျု့မှတစ်ဆင့် တစ်ကမ္ဘာလုံးတွင် ပြည်သူ့ သဘောထားစစ်တမ်းကောက်ယူမှု လုပ်ဆောင်ခဲ့ရာ ဖြေကြားသူများက အမေရိကန်သည် ကာလကြာရှည်စွာ ဒီမိုကရေစီအကြောင်းအရာကို အသုံးပြု၍ အခြားနိုင်ငံကို ဖိနှိပ်ခြင်း၊ ကိုယ်ပိုင်အကျိုးစီးပွားများရယူခြင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းပြိုကွဲမှုနှင့် အုပ်စုခွဲ အတိုက်အခံလုပ်မှုအား ဆိုးဝါးလာစေသည့်လုပ်ရပ်ကို ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်နေကြောင်း ဖော်ပြနေသည်။

ကာလကြာရှည်စွာ အမေရိကန်သည် မိမိ၏ ဗိုလ်ကျလွှမ်းမိုးရေး အာဏာကို ထိန်းသိမ်းရန်အတွက် “ဒီမိုကရေစီ” အယူအဆကို ကိုယ်ပိုင်အဖြစ်ပြောင်းလဲကာ “ဒီမိုကရေစီ” ခေါင်းစဉ်ဖြင့် ပြိုကွဲခြင်းကိုလှုံ့ဆော်၊ အတိုက်အခံဖြစ်မှုများကို ဖန်တီးနေကာ နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာအစီအစဉ်ကိုဖျက်ဆီးနေသည်။ စစ်တမ်း၏ ရလဒ်အရ တစ်ကမ္ဘာလုံးတွင်ဖြေကြားသူ ၇၁ ရာခိုင်နှုန်းက အမေရိကန်သည် “ဒီမိုကရေစီ” ခေါင်းစဉ်ဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး အခြားနိုင်ငံများကို ဖိနှိပ်နေသည်ဟု ဝေဖန်ကြသည်။ ဖြေကြားသူပေါင်း ၆၂.၃ ရာခိုင်နှုန်းကမူ အမေရိကန်သည် ဒဏ်ခတ်အရေးယူမှုနှင့် စီးပွားရေးအရ အကျပ်ကိုင်မှုကို အလွဲသုံးစားလုပ်သည့် ဗိုလ်ကျသောလုပ်ရပ်ကို ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်နေကြသည်။

အမေရိကန်သည် “ဒီမိုကရေစီမီးပြတိုက်” ဟုမိမိဘာသာတင်စားခေါ်ဝေါ်သော်လည်း တစ်ကမ္ဘာလုံးမှ ပိုမိုများပြားသည့်ပြည်သူများက ဒီမိုကရေစီစနစ်သည် နိုင်ငံအသီးသီး၏ မတူညီသောနိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုပုံစံအရ မတူညီသောပုံစံဖြစ်သင့်သည်ဟု ယူဆလာကြသည်။ အမေရိကန်သည် ဒီမိုကရေစီပုံစံ၏ “စံနမူနာ” မဟုတ်တော့သည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် ဒီမိုကရေစီဖြစ်မဖြစ်၊ ဒီမိုကရေစီကို မည်ကဲ့သို့ပိုမိုကောင်းမွန်စွာဖော်ဆောင်မည်နည်းကို အဆိုပါနိုင်ငံ၏ပြည်သူများကသာ ပိုင်းခြားသတ်မှတ်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အခြားနိုင်ငံက ဝင်ရောက်ဝေဖန်အမိန့်ပေးခွင့် မရှိပေ။