တရုတ်နိုင်ငံ၏ ကျေးလက်ကားလမ်း ဖောက်လုပ်မှုသည် ထင်ရှားသော ရလဒ်များရရှိပြီး၊ စုစုပေါင်း ခရီးအကွာအဝေးသည် ကီလိုမီတာ ၄သန်း၆သိန်း အထိရှိလာ

(GMT+08:00)2024-03-18 15:29:22  

ပြီးခဲ့သည့် နှစ်များအတွင်း “ကျေးလက်ကားလမ်းများ” အရည်အသွေးမြင့်ဖွံ့ဖြိုးရေးကို ဆက်တိုက်မြှင့်တင်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ကျေးလက်ကားလမ်းများ ဖောက်လုပ်ရာတွင် ထင်ရှားသော ရလဒ်များ ရရှိခဲ့ပါသည်။ လက်ရှိ တစ်ပြည်လုံးရှိ အခြေအနေ ပြည့်စုံသော မြို့ရွာတိုင်းတွင် asphalt ကားလမ်းများရှိလာကြပါသည်။ ပြီးခဲ့သည့် ၁၀ နှစ် အတွင်း  ကျေးလက် ကားလမ်းများ ကီလိုမီတာ ၂.၅ သန်းကို အသစ် ဖောက်လုပ်(သို့) ပြုပြင်မွမ်းမံ ဖောက်လုပ်ခဲ့ပြီး ယမန်နှစ်ကုန်ပိုင်း အထိ ကျေးလက်ကားလမ်း၏ စုစုပေါင်းခရီးအကွာအဝေး သည် ကီလိုမီတာ ၄သန်း၆သိန်း အထိရှိ လာခဲ့ သည်ဟု သတင်းအရသိရပါသည်။