ပူတင် သည် ရုရှားနိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိ

(GMT+08:00)2024-03-18 14:48:46  

ရုရှားဗဟိုရွေးကောက်ပွဲကော်မတီမှ မတ်လ ၁၈ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်သော ရုရှားနိုင်ငံသမ္မတရွေးကောက်ပွဲ၏ နောက်ဆုံး မဲရေတွက်မှု ပဏာမ စာရင်းအရ ယခုအထိ ဆန္ဒမဲ ၉၉.၆၇ ရာခိုင်နှုန်းကို ရေတွက်ခဲ့ပြီ ဖြစ်ကြောင်း၊ သမ္မတလောင်း ၄ ဦးအနက် လက်ရှိသမ္မတ ပူတင်၏ မဲရရှိနှုန်းမှာ ၈၇.၃၂ရာခိုင်နှုန်း ဖြစ်သဖြင့် စင်စစ်အားဖြင့် ယခုအကြိမ် ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီ ဖြစ်သည်ဟု သတင်းအရ သိရပါသည်။


   ပူတင်သည် မတ်လ ၁၈ရက်နေ့ နံနက်ပိုင်းက မိန့်ခွန်းပြောကြားရာတွင် မဲပေးသူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မိသားစုကြီးတစ်ခု ဖြစ်ကြောင်း၊ ယခုအကြိမ်ရွေးကောက်ပွဲ၏ ရလဒ်သည် မဲပေးသူများ၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်ကို ပြဆိုနိုင်ကြောင်း၊ နိုင်ငံတော်၏ တာဝန်အားလုံးကို ပြီးမြောက်အောင်မြင်မည် ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် ရှေ့သို့ ဆက်လက်ချီတက်ပြီး အင်အားပိုမိုတောင့်တင်းလာကာ ပိုမိုအားကောင်းလာ၍ ပိုမိုထိရောက်တွင်ကျယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။