တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေးရထားများသည် ကမ္ဘာ့ကုန်သွယ်ရေးတွင် တည်ငြိမ်မှု ပိုမိုထည့်သွင်း

(GMT+08:00)2024-03-17 16:16:37  

တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားများကို အာရှ-ဥရောပ ဆက်သွယ် ထားသော သံမဏိကုလားအုတ်အဖွဲ့ဟု လူသိများပါသည်။ ရာသီမရွေး၊ ကြီးမားသည့် သယ်ဆောင်မှုပမာဏ၊ ကာဗွန်နည်းမှု၊ ထိရောက်မှုနှင့် အဆင်ပြေမှုတို့ကြောင့် ၎င်းသည် အာရှ-ဥရောပကုန်းလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ်နှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တံတားအသစ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ဒေသအချို့၌ မငြိမ်မသက်မှုပြင်းထန်လာချိန်တွင် တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေးရထားများသည် လုပ်ငန်းကုမ္ပဏီများ၏ နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးအတွက် ပထမဆုံးရွေးချယ်မှု ဖြစ်လာပြီး ကမ္ဘာ့ကုန်သွယ်ရေးတွင် တည်ငြိမ်မှုကို ပိုမိုထည့်သွင်းခဲ့ပါသည်။