တရုတ်နှင့်ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ရရှိသော လတစ်ဝက်ကြာ ကာလတွင် ကူမင်း နယ်စပ်စခန်းမှတစ်ဆင့် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ခရီးသည် ဦးရေသည် ယခုနှစ် ဖေဖော်ဝါရီလ ပထမလဝက် ကထက် ၈၆၆ရာခိုင်နှုန်းတိုးလာ

(GMT+08:00)2024-03-17 16:13:36  

ယခုလ ၁၆ရက်နေ့က ကူမင်း နယ်ခြားစစ်ဆေးရေးစခန်းမှ သတင်းအချက်အလက်အရ  မတ်လ ၁ရက်နေ့မှ ၁၅ရက်နေ့အထိ တရုတ်နှင့် ထိုင်းနှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ အတွက် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက် အာဏာတည်သော လတစ်ဝက်ကြာ အချိန်ကာလအတွင်း ထိုင်းခရီးသည် ၇၁ဝဝကျော် ကူမင်းဂိတ်မှ ဝင်ရောက်ပြီး ယခုနှစ်  ဖေဖော်ဝါရီလ ပထမလဝက် ကထက် ၈၆၆ရာခိုင်နှုန်းတိုးလာကြောင်း၊ ယင်းအနက် ဗီဇာ ကင်းလွတ်ခွင့် ရှိသော ခရီးသည် ၆၆၀၀ကျော်ရှိကြောင်း သိရပါသည်။