အမေရိကန် ဖီလီဒယ်လ်ဖီးယားမြို့ ဆင်ခြေဖုံးဒေသတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၃ဦးသေဆုံး

(GMT+08:00)2024-03-17 16:18:30  

ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ ဖီလီဒယ်လ်ဖီးယားမြို့ ဆင်ခြေဖုံးဒေသတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၃ဦးသေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုယ်ပိုင်သေနတ်ကိုင်ဆောင်သူ အများဆုံးနိုင်ငံဖြစ်ပြီး သေနတ်နှင့်ပတ်သက်သည့် အကြမ်းဖက်မှုများသည် အမေရိကန်လူမှုဘဝတွင် တွေ့ရများသည့် အခြေအနေတစ်ခုဖြစ်လာပါသည်။ အမေရိကန် "Gun Violence Archives" ဝက်ဆိုဒ်မှ စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် အမေရိကန် နိုင်ငံမှာ သေနတ်ပစ်ခတ်မှု နှင့်ပတ်သက်သည့် အကြမ်းဖက်မှုအမျိုးမျိုးဖြစ်ပွားခဲ့ပြီး လူပေါင်း ၄ သောင်း ၂ ထောင် ခန့် သေဆုံးခဲ့သည်ဟု သိရပါသည်။