တရုတ်နှင့် နိုင်ငံခြားပညာရှင်များသည် လူ့အခွင့်အရေး ဥပဒေအာမခံပေးမှုရေးရာ တရုတ် နိုင်ငံ၏ အတွေ့အကြုံများ နှီးနှောဖလှယ်

(GMT+08:00)2024-03-17 16:17:17  

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် အစည်းအဝေးအတွင်း  “လူ့အခွင့်အရေးအာမခံပေးမှုဆိုင်ရာ တရုတ်၏ အတွေ့အကြုံများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယခုလ ၁၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဆင်းရဲမှုပပျောက်စေရေး၊ သဲကန္တာရ ထိန်းချုပ်ရေး၊ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် မသန်စွမ်းသူများ၏ အားကစားအခွင့်အရေးစသည့်များ ဆွေးနွေးမှုနှင့် ပတ်သက်၍  လူ့အခွင့်အရေး အာမခံပေးမှုဆိုင်ရာ တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို နှီးနှောဖလှယ်ခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။