ဝင်ရိုးစွန်း သိပ္ပံသုတေသန ရေခဲခွဲသင်္ဘော “Xue Long 2”သည် ဧပြီလတွင် ဟောင်ကောင်သို့ ပထမဆုံး အကြိမ် ရောက်ရှိမည်

(GMT+08:00)2024-03-17 16:16:06  

    မတ်လ ၁၆ရက်နေ့က ရေခဲခွဲသင်္ဘော “Xue Long 2”၏ ဟောင်ကောင်ခရီးစဉ် ပြင်ဆင်ရေး ကော်မတီသည် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်တိုင်တည်ဆောက်ခဲ့သော ဝင်ရိုးစွန်း သိပ္ပံသုတေသန ရေခဲခွဲသင်္ဘော “Xue Long 2”သည် ၂၀၂၄ခုနှစ် ဧပြီလ ၈ရက်နေ့တွင် ဟောင်ကောင်သို့ ပထမဆုံး အကြိမ် ရောက်ရှိမည် ဖြစ်ပြီး ၅ရက်ကြာ ခရီးစဉ်လှုပ်ရှားမှုများကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ဧပြီလ ၉ရက်နေ့မှ ၁၂ရက်နေ့နံနက်ပိုင်းအထိ အများပြည်သူများသည် “Xue Long 2”ပေါ်သို့ တက်ပြီး ကြည့်ရှုလေ့လာနိုင်ကြပါသည်။ နေ့စဉ်လူပေါင်း ၁၀၀၀ လက်ခံနိုင်ရန် ခန့်မှန်း ထားပါသည်။