ရှင်းကျန်း၏ နိုင်ငံခြားကုန်သွယ်ရေး တင်သွင်းတင်ပို့မှုသည် ကောင်းမွန်သောအစကို တွေ့ရှိ

(GMT+08:00)2024-03-17 16:15:35  

ဝူရူမုချီအကောက်ခွန်ဌာနမှ စာရင်းအရ ယခုနှစ် ပထမ ၂လအတွင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နိုင်ငံခြားကုန်သွယ်ရေး တင်သွင်းတင်ပို့မှု စုစုပေါင်းပမာဏသည် တရုတ်ငွေ ယွမ် ၆၃.၆၉ဘီလီယံရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၅၁.၄ ရာခိုင်နှုန်း တိုးများလာ၍ တစ်နိုင်ငံလုံး၏ တိုးနှုန်းထက် ၄၂.၇ ရာခိုင်နှုန်း မြင့်တက်လာကာ ကောင်းမွန်သောအစကို တွေ့ရှိကြောင်း သိရသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ယခုနှစ် ပထမ ၂လအတွင်း ရှင်းကျန်းသည် နိုင်ငံနှင့်ဒေသ ၁၈၆ခုနှင့် ကုန်သွယ်ရေး ကူးလူးဖလှယ်မှုရှိပြီး အလယ်အာရှနိုင်ငံ ၅နိုင်ငံနှင့် တင်သွင်းတင်ပို့မှု တရုတ်ငွေယွမ် ၄၃.၇၄ ဘီလီယံရှိကာ တိုးတက်မှုနှုန်း ၃၃ ရာခိုင်နှုန်းရှိကြောင်း၊ ကုန်ပစ္စည်းဖွဲ့စည်းပုံကို ဆက်တိုက် ကောင်းမွန်စေပြီး ဘက်ထရီသုံးမော်တော်ယာဉ်၊ လီသီယမ်ဘက်ထရီနှင့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး ပစ္စည်း ကဲ့သို့သော “အသစ်ထုတ်ကုန်ပစ္စည်း၃မျိုး”၏ တင်ပို့ ရောင်းချမှု တိုးနှုန်းသည် ၁၁၀.၂ ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိပါသည်။