ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ မြို့ပြလေကြောင်း သယ်ယူပို့ဆောင်ရေး ထုတ်လုပ်မှုပမာဏသည် စံချိန်သစ်တင်

(GMT+08:00)2024-03-17 16:12:59  

တရုတ် အမျိုးသား မြို့ပြ လေကြောင်း ဌာနမှ သတင်းအချက်အလက်အရ ဖေဖော်ဝါရီလတွင် တရုတ် နိုင်ငံ၏ မြို့ပြလေကြောင်း ပို့ဆောင်မှု စုစုပေါင်း တန်ချိန် ကီလိုမီတာ ၁၁ ဒသမ ၆၄ ဘီလီယံ ဆောင်ရွက်ပြီးစီးခဲ့ပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၄၆.၈ရာခိုင်နှုန်းတိုးလာကာ လုပ်ငန်း သယ်ယူပို့ဆောင်မှု ပမာဏ စံချိန်သစ် တင်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် ပြည်တွင်းဈေးကွက် သယ်ယူပို့ဆောင်ရေး ပမာဏသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၃၀.၅ရာခိုင်နှုန်းတိုးလာ ကြောင်း၊ နိုင်ငံတကာဈေးကွက်သယ်ယူပို့ဆောင်ရေး ပမာဏသည် ယမန်နှစ်အလားတူအချိန်ပိုင်း ကထက် ၁၀၈.၆ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၉ခုနှစ်အလားတူအချိန်ပိုင်းကို ပထမတစ်ခါကျော်လွန်ပြီး ယခုနှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်လျှင် တိုးတက်မှုနှုန်းသည် ၁၂.၁ရာခိုင်နှုန်း  တိုးလာကြောင်း   သိရပါသည်။