ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေး အသစ်တစ်ကြိမ် ဆွေးနွေးပွဲကို ၁၇ ရက်နေ့တွင် ဒိုဟာ၌ ပြန်လည် စတင်မည်ဟု မျှော်လင့်ရ

(GMT+08:00)2024-03-17 16:17:49  

ဟားမတ်စ်အဖွဲ့နှင့်အစ္စရေးတို့ကြား ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အသစ်တစ်ကြိမ် ဆွေးနွေးပွဲကို ၁၇ ရက်နေ့တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ရကြောင်း အီဂျစ်အစိုးရ အရာရှိ၏ ပြောဆိုချက်ကို ကိုးကာ၍ အေပီသတင်းဌာနက ဖော်ပြပါသည်။

အစ္စရေးဝန်ကြီးချုပ် နယ်တန်ယာဟုက ၁၅ ရက်နေ့တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီး ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ကို ဒိုဟာသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု အယ်လ်ဂျာဇီးယားရုပ်မြင်သံကြားဌာနမှ သတင်းအရသိရပါသည်။