CGTN ပြည်သူ့သဘောထားစစ်တမ်းကောက်ယူမှု - “အမေရိကန် ပုံစံ ဒီမိုကရေစီ” သည် “မူမမှန်သော ဒီမိုကရေစီ” ဖြစ်နေ

(GMT+08:00)2024-03-17 16:19:28  

အမေရိကန်သည် ကာလကြာရှည်စွာ မိမိကိုယ်ကို ဒီမိုကရေစီ “ထူးချွန်သူ” ကို တင်စားခေါ်ဝေါ်ခဲ့သည်။ သို့သော် China Media Group CGTN သည် Renmin University of China နှင့်ပူးပေါင်း၍ ခေတ်သစ် နိုင်ငံတကာ သတင်းဖြန့်ချိရေး သုတေသနအင်စတီကျု့မှ တစ်ဆင့် တစ်ကမ္ဘာလုံးတွင် ပြည်သူ့သဘောထားစစ်တမ်းကောက်ယူမှု လုပ်ဆောင်ခဲ့ရာ ရလဒ်တွင် တစ်ကမ္ဘာလုံးမှ စစ်တမ်းဖြေကြားသူပေါင်း အများစုက “အမေရိကန် ပုံစံ ဒီမိုကရေစီ” အပေါ် စိတ်မဝင်စားကြကြောင်း ဖော်ပြနေသည်။ ဖြေကြားသူ ၇၁.၁ ရာခိုင်နှုန်းသည် အမေရိကန်၏နိုင်ငံရေးစနစ်တွင် ဆိုးရွားသောချို့ယွင်းချက်ရှိပြီး ဒီမိုကရေစီစနစ်၏ အဓိကအယူအဆနှင့် လုံးဝကွဲလွဲနေသည်ဟု ယူဆကြသည်။ ဖြေကြားသူပေါင်း ၇၀.၄ ရာခိုင်နှုန်းကမူ အမေရိကန်သည် အခြားနိုင်ငံများက အတုယူနိုင်သည့် “ဒီမိုကရေစီစံနမူနာ” မဟုတ်ဘဲ “အမေရိကန်  ပုံစံ ဒီမိုကရေစီ” ၏ နာတာရှည်ရောဂါကြီးကို ဖြေရှင်းရန်မလွယ်ကူတော့ဘဲ “မူမမှန်သော ဒီမိုကရေစီ” ဖြစ်နေပြီဟု ယူဆကြသည်။

“အမေရိကန် ပုံစံ ဒီမိုကရေစီ” သည် တစ်နေ့တခြား ငွေကြေးတို့အတွက် အသုံးပြုခံဖြစ်လာ

ဒီမိုကရေစီ၏ မူလအရည်အသွေးသည် ပြည်သူများလက်ထဲတွင် အချုပ်အခြာအာဏာ ရှိခြင်းပင်ဖြစ်သည်။ “ဒီမိုကရေစီမီးပြတိုက်”ဟု အမြဲမိမိကိုယ့်ကိုယ်ခေါ်သည့် အမေရိကန် ကမူ ဒီမိုကရေစီ၏ အလင်းရောင်ကို လူနည်းစုလူကုံထံများပေါ်တွင် ပိုမိုထွန်းလင်းပေး နေသည်။

 

“အမေရိကန် ဒီမိုကရက်တစ်ပါတီနှင့် ရီပါပလစ်ကန်ပါတီ ယှဉ်ပြိုင်မှု” သည် လူ့အဖွဲ့အစည်းကွဲပြဲမှုကိုဆိုးဝါးစေ

“အမေရိကန် ပုံစံ ဒီမိုကရေစီ” နှင့် ဒီမိုကရေစီအယူအဆသည် တဖြည်းဖြည်းပိုပို ဝေးလာပြီး လက်တွေ့ဖော်ဆောင်သည့်အလွှာတွင်လည်း ရှေ့တိုးရန်ခက်ခဲနေသည်။ အမေရိကန်က အမြဲတစေကြွားဝါလေ့ရှိသည့် “ထိန်းညှိသည့်နိုင်ငံရေး”သည် ဒီမိုကရက်တစ် ပါတီနှင့် ရီပါပလစ်ကန်ပါတီနှစ်ခုက တစ်ကြိမ်ပြီးတစ်ကြိမ် အလွန်အကျွံအားပြိုင်မှုများ ကြားတွင် “ဗီတိုအာဏာသုံး နိုင်ငံရေး” ဖြစ်လာပြီဖြစ်သည်။

 

စီမံအုပ်ချုပ်မှုစွမ်းရည် ပျောက်ဆုံးမှုကြောင့် “အမေရိကန် ပုံစံ ဒီမိုကရေစီ” ၏ အရှက်ကာမျက်နှာဖုံးကိုခွာချ

“အမေရိကန် ပုံစံ ဒီမိုကရေစီ”ကို လက်တွေ့ဖော်ဆောင်သည့်ဖြစ်စဉ်အတွင်း တရားမျှတမှုကို ထိန်းသိမ်းရန်ခက်ခဲသဖြင့် အမေရိကန်လူ့အဖွဲ့အစည်း၏ စီမံအုပ်ချုပ်မှု စွမ်းရည် ပျောက်ဆုံးသည့်ပြဿနာသည် တစ်နေ့တခြားဆိုးဝါးလာသည်။

 

“လွတ်လပ်စွာပြောဆိုခွင့်” သည် အပြောနှင့်အလုပ်မကိုက်ညီ

လွတ်လပ်စွာပြောဆိုခွင့်သည် “အမေရိကန် ပုံစံ ဒီမိုကရေစီ”၏ အမှတ်တံဆိပ်ပင် ဖြစ်သည်။ သို့သော် အဆိုပါ “အမှတ်တံဆိပ်”သည် ငွေကြေးနှင့် ပါတီနိုင်ငံရေးအတွက် ဝန်ဆောင်မှုပေးနေသည်မှာ ကြာပြီဖြစ်သည်။