မှားယွင်းသော သတင်းဖြန့်ဝေခြင်းသည် တရုတ်နိုင်ငံ၏ ရှေ့သို့ ချီတက်မှုကို ရပ်တန့်နိုင်မည် မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-03-16 13:10:42  

အမေရိကန်သမ္မတဟောင်း Trump သည် ၂၀၁၉ ခုနှစ်က သမ္မတလျှို့ဝှက်အမိန့်ကို လက်မှတ်ရေးထိုးပြီး CIA အား အထူးပြုအဖွဲ့ တည်ထောင်ရန် ခွင့်ပြုကာ တရုတ်နိုင်ငံ၊ အရှေ့တောင်အာရှ၊ တောင်ပစိဖိတ်ဒေသနှင့် အာဖရိကစသည့် နေရာများတွင် မီဒီယာနှင့် လူမှုရေးအကောင့်အတုများ ဝယ်ယူခြင်းကဲ့သို့သော လျှို့ဝှက်နည်းလမ်းများဖြင့် တရုတ် အစိုးရကို သရုပ်ပျက်စေသော အပြောအဆိုများကို ဖြန့်ဝေခဲ့သည်ဟု ရိုက်တာသတင်းအရ သိရပါသည်။ ယင်းနှင့် ပတ်သက်၍ ယခုလ ၁၅ ရက်နေ့က ကျင်းပသည့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က မှားယွင်းသော သတင်းဖြန့်ဝေခြင်းသည် တရုတ်နိုင်ငံ၏ ရှေ့သို့ ချီတက်မှုကို ရပ်တန့်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။