တရုတ်စီးပွားရေးရှေ့အလားအလာခေါင်းစဉ်ဖြင့် သံအမတ်ကြီးများစားပွဲဝိုင်းဆွေးနွေးပွဲကို ဘေကျင်းတွင် ကျင်းပ

(GMT+08:00)2024-03-16 13:11:53  

ယခုလ ၁၅ရက်နေ့က တရုတ်စီးပွားရေးရှေ့အလားအလာခေါင်းစဉ်ဖြင့် သံအမတ်ကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲကို ဘေကျင်းတွင် ကျင်းပခဲ့ကြောင်း၊ တရုတ်သက်ဆိုင်ရာဌာနမှ တာဝန်ခံများ၊ စီးပွားရေးပညာရှင်များ၊ တရုတ်နိုင်ငံခြေစိုက် နိုင်ငံခြား သံတမန်၂၀ကျော်နှင့် သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းတာဝန်ခံများ မျက်နှာချင်းဆိုင် တွေ့ဆုံကာ တရုတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရှိန်ကို ရှင်းပြ၍ စစ်မှန်သော၊ သုံးဖက်မြင်သော၊ ပြည့်စုံသော တရုတ်ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေကို မိတ်ဆက်ခဲ့ကြောင်း၊ ဘက်အသီးသီးတို့ အာရုံစူးစိုက်ကြသောအကြောင်းအရာ များကို လေးလေးနက်နက် ဖလှယ်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။