ကမ္ဘာလုံးဆိုင်ရာ စုဆောင်းမှုအစီအစဉ်တစ်ခု လာပါပြီ၊ တိမ်လွှာထဲကစာပေ - ကျွန်ုပ်နဲ့ တရုတ်နိုင်ငံအကြောင်း

(GMT+08:00)2024-03-16 13:55:28  

၂၀၂၄ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်ပါပြီ။ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအယူအဆနဲ့ “Belt and Road” အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ဖြန့်ဝေပေးပြီး ပြည်သူတွေရဲ့နှလုံးသားထဲမှာ နက်ရှိုင်းစွာအမြစ်တွယ်လာတာ နဲ့အမျှ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အခွင့်အလမ်းတွေ ယူဆောင်ပေးလာပြီး နိုင်ငံအသီးသီးမှပြည်သူတွေနဲ့အတူ ချစ်ကြည်ရေး ပေါင်းကူးတံတားတွေ အဆက်မပြတ် တည်ဆောက်နေပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးများလာတဲ့ စီးပွားရေးကူးလူးဆက်ဆံမှုတွေနဲ့ ပြည်သူချင်း ကူးလူးဖလှယ်မှုတွေက တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီး နီးကပ်စွာချိတ်ဆက်မှုရှိနေတဲ့ စိတ်လှုပ်ရှားဖွယ်အကြောင်းအရာတွေ အများအပြားကို ချန်ထားရစ်ခဲ့ပါတယ်။

သင်ဟာ တရုတ်နိုင်ငံသို့သွားရောက်ပြီး ခရီးထွက်ဖူးတာ၊ ပညာသင်ယူလေ့လာဖူးတာ၊ အလုပ်လုပ်ဖူးတာ၊ နေထိုင်ဖူးတာ ဖြစ်နိုင်ပါတယ်၊ တရုတ်ယဉ်ကျေးမှုအကြောင်း နက်နက်နဲနဲ လေ့လာသုတေသနပြုဖူးတာလည်း ဖြစ်နိုင်ပါတယ်၊ သင် ဒါမှမဟုတ် သင့်ရဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေနဲ့ တရုတ်နိုင်ငံအကြား နက်ရှိုင်းတဲ့ဆက်သွယ်မှုတွေလည်း ရှိနိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ သင့်ရဲ့ လှပကောင်းမွန်တဲ့အမှတ်တရတိုင်းဟာ ကျွန်ုပ်တို့သိချင်တဲ့ ဇာတ်လမ်းပါပဲ။ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ သင့်ရဲ့ လှပတဲ့မျှော်လင့်ချက်တိုင်းဟာ ကျွန်ုပ်တို့ ဂရုတစိုက် နားထောင်ကြည့်သင့်ပါတယ်။

ယခု “တိမ်လွှာထဲကစာပေ - ကျွန်ုပ်နဲ့ တရုတ်နိုင်ငံအကြောင်း” ကမ္ဘာလုံးဆိုင်ရာ စုဆောင်းမှုအစီအစဉ်မှာ ပါဝင်ဖို့ သင့်ကို လေးလေးနက်နက် ဖိတ်ခေါ်ပါရစေ။ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ သင့်ရဲ့ဇာတ်လမ်းတွေကို ကျွန်ုပ်တို့နဲ့မျှဝေပြီး စိတ်နှလုံးနွေးထွေးမှုဖြစ်စေခဲ့တဲ့၊ ပျော်ရွှင်စရာကောင်းတဲ့၊ စိတ်ခွန်အားတွေပေးစွမ်းတဲ့ အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်လိုက်ပါ။ ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယိုတို၊ ပိုစတာဖန်တီးမှု ပုံစံတွေနဲ့ ဖော်ပြနိုင်ပါတယ်။ သင့်ရဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွေကို China Media Group ရဲ့ CCTV4 “China's Public Opinion Field” အစီအစဉ်မှာ ပြသခွင့်ရနိုင်မှာဖြစ်ပြီး သင်နဲ့ တရုတ်နိုင်ငံအကြား ရေစက်ကို လူအများရှေ့ ချပြနိုင်မှာဖြစ်ပါတယ်။

ယနေ့မှစပြီး ဩဂုတ်လကုန်အထိ သင့်ရဲ့ပါဝင်မှုကို ကျွန်ုပ်တို့ အမြဲတမ်း အွန်လိုင်းကနေ စိတ်အားထက်သန်စွာ စောင့်မျှော်နေပါမယ်။

ပါဝင်ဆင်နွှဲနိုင်မည့်နည်းလမ်းများ

၁။ အောက်ပါ QR ကုဒ်ကို စကမ်ဖတ်ပြီး “China's Public Opinion Field” ရဲ့ WeChat တရားဝင်အကောင့်ကို follow လုပ်ကာ ကျွန်ုပ်တို့ထံ မက်ဆေ့ချ်ပို့ပေးနိုင်ပါတယ်၊

၂။ 【云中锦书】ကိုနှိပ်ပြီး စုဆောင်းမှုစာမျက်နှာထဲဝင်ရောက်ကာ မက်ဆေ့ချ်ကို ပို့ပေးနိုင်ပါတယ်၊

တကယ်လို့ သင်က ဗီဒီယိုကျွမ်းကျင်သူဆိုရင်တော့ ဗီဒီယိုကနေတစ်ဆင့် သင့်ရဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွေကို ကြည့်ရှုခံစားနိုင်စေဖို့ WeChat ရဲ့ Channels ဒါမှမဟုတ် TikTok (Douyin) အကောင့်ကနေ #我与中国的故事# tag တွဲပြီး ဗီဒီယိုလွှင့်တင်နိုင်ပါတယ်။ ဒါမှမဟုတ် ဗီဒီယိုကို cctv4zgylc@163.com ဆီကိုလည်း ပို့ပေးနိုင်ပါတယ်။

အစီအစဉ်ကာလကတော့ ယနေ့မှစပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။