ကွန်ဂိုသမ္မတနိုင်ငံ သမ္မတ Denis Sassou Nguesso နှင့် အင်တာဗျူးမေးမြန်းခြင်း

(GMT+08:00)2024-03-16 16:04:23  

တရုတ်နိုင်ငံနဲ့ ကွန်ဂိုသမ္မတနိုင်ငံ အကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၆၀ ပြည့် အခါသမယမှာ ကွန်ဂိုသမ္မတနိုင်ငံ သမ္မတ Denis Sassou Nguesso က မြို့တော် Brazzaville မှာ “Leaders Talk” အစီအစဉ်ရဲ့ သီးသန့်အင်တာဗျူးမေးမြန်းမှုကို လက်ခံဖြေကြားခဲ့ပါတယ်။

နှစ်ပေါင်း ၆၀ အတွင်း တရုတ်နိုင်ငံသို့ ၁၆ ကြိမ် လာရောက်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသူဖြစ်တဲ့ သမ္မတ Denis Sassou Nguesso က တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ချီးကျူးခဲ့ပါတယ်။ Brazzaville ကေဘယ်ကြိုးတံတား၊ နိုင်ငံရဲ့ အမှတ် ၁ လမ်းမကြီး စတဲ့ နှစ်နိုင်ငံအကြား အခြေခံအဆောက်အအုံတည်ဆောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒေသခံပြည်သူလူထုကို အကျိုးပြုနေခြင်း၊ "Belt and Road" အတူတည်ဆောက်ရေးအစီအစဉ်က အာဖရိကအတွက် လက်တွေ့ကျတဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးလာခြင်း တို့အတွက် သူက ချီးကျူးစကားဆိုပါတယ်။ အနောက်နိုင်ငံတွေရဲ့ “ကိုလိုနီနယ်ချဲ့လက်သစ်ဝါဒ” ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းဆန်ရှုတ်ချလိုက်ပြီး “ကိုလိုနီပြုသူ” က တရုတ်နိုင်ငံ လုံးဝမဟုတ်၊ အခြားသူသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ကျင်းပတော့မယ့်အချိန်မှာ တရုတ်-အာဖရိကဆက်ဆံရေးကို ပိုမိုအဆင့်မြှင့်တင်နိုင်ဖို့ သူက မျှော်လင့်နေပါတယ်။ ဒေသတွင်း ရှုခင်းသာနေရာတွေနဲ့ ခရီးသွားလမ်းကြောင်းတွေကို ကိုယ်တိုင် မိတ်ဆက်ပေးနေပြီး အနာဂတ်မှာ တရုတ်ခရီးသွားဧည့်သည်တွေ ကွန်ဂို သမ္မတနိုင်ငံ ကို ပိုမိုလာရောက်လည်ပတ်ကြဖို့ မျှော်လင့်နေပါတယ်။