တရုတ်အစိုးရမှ ပါကစ္စတန်အား အရေးပေါ် ကယ်ဆယ်ရေးအကူအညီ ငွေသားများပေးအပ်

(GMT+08:00)2024-03-16 13:12:20  

မတ်လ ၁၄ရက်နေ့က တရုတ်အစိုးရမှ ပါကစ္စတန်အား မိုးသည်းထန်စွာရွာသွန်းမှု ဘေးအန္ဒရာယ်ကြောင့် အရေးပေါ်ကယ်ဆယ်ရေးအကူအညီ ငွေသားများပေးအပ်ပွဲကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ကျင်းပခဲ့သည်။ တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးကျန်းဇန့်တွန်းနှင့် ပါကစ္စတန်နိုင်ငံခြားရေးအတွင်းရေးမှူးခါဇီတို့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ကျန်းဇန့်တွန်းက ခိုင်ဖူပြည်နယ်နှင့် ပြည်လူကြီးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပစ္စည်းဥစ္စာများနှင့် အသက်များ ဆုံးရှုံးခဲ့ရကြောင်း၊ ကျွန်တော်တို့အနေနှင့် စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ကြောင်း၊ တရုတ်နှင့် ပါကစ္စတန်တို့သည် ညီအစ်ကို မောင်နှစ်မလို ရင်းနှီးပြီး အပြန်အလှန်အထောက်အကူပေးကြောင်း၊ တရုတ်အစိုးရမှ ပါကစ္စတန်ကို အရေးပေါ် ငွေသားအကူအညီများ ပေးအပ်ပြီး ဘေးသင့်သူများက နေအိမ်များပြန်လည် တည်ဆောက်ကာ ပုံမှန်ဘဝသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန်  မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ခါဇီက ပါကစ္စတန်အစိုးရ ကိုယ်စား တရုတ်၏ ကူညီမှုများကို ကျေးဇူးတင်ကြောင်း၊ ပါကစ္စတန်တို့ ဘေးဒုက္ခရောက်တိုင်း တရုတ်အစိုးရသည် အမြန်ဆုံးကူညီပေးကြောင်း၊ နှစ်နိုင်ငံခိုင်မာသောချစ်ကြည်ရေးကို အပြည့်အဝ ဖော်ပြထားကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။