Jin men အနီးပင်လယ်ရပ်ဝန်း၌ ပြည်မကြီးကမ်းခြေစောင့်တပ်မှ တရားဥပဒေစိုးမိုးရေး ကင်းလှည့်လှုပ်ရှားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံတော်ကောင်စီထိုင်ဝမ်ရေးရာရုံး၏ ပြောကြားချက်

(GMT+08:00)2024-03-16 13:11:32  

    မတ်လ ၁၅ ရက်နေ့က ဖူကျန့် ကမ်းခြေစောင့်တပ်မှ ဖွဲ့စည်းထားသည့် သင်္ဘောစုသည် Jin men အနီးပင်လယ်ရပ်ဝန်း၌ တရားဥပဒေစိုးမိုးရေး ကင်းလှည့်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ ပါသည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ချိန်ပင်းဟွာက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဆိုးရွားသော သင်္ဘောတိုက်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် ထိုင်ဝမ် DPP အာဏာပိုင်သည် ၎င်းတို့၏ လူ့အသက်ကို လျစ်လျူရှုခြင်း လုပ်ရပ်အပေါ် နောင်တမရဘဲ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများမှ တရားဝင် တောင်းဆိုချက်များကို လျစ်လျူရှုခဲ့ပြီး၊ Jin men လူထုအပါအဝင် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော်များ  ပူးတွဲဆန့်ကျင်မှုနှင့် ဒေါသကို အပြင်းအထန်  နှိုးဆွခဲ့ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ပြီး Jin men အနီးပင်လယ်ရပ်ဝန်း၌ တရုတ်ပြည်မကြီး ကမ်းခြေစောင့်တပ်မှ ဥပဒေစိုးမိုးရေး ကင်းလှည့်လှုပ်ရှားမှု ဆောင်ရွက်ခြင်းသည် သက်ဆိုင်ရာပင်လယ်ရပ်ဝန်း၌ ပုံမှန် စည်းစနစ်ကို ထိန်းသိမ်းကာကွယ်ရန် တရားမျှတမှန်ကန်သည့် ဆောင်ရွက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။