ရှီကျင့်ဖိန်သည် အန်ဂိုလာ သမ္မတ Lourençoနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-03-16 13:10:24  

ယခုလ ၁၅ရက်နေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းရှိ ပြည်သူ့ ခန်းမဆောင်ကြီး၌ တရားဝင် အလည်အပတ် ရောက်ရှိနေသော အန်ဂိုလာ သမ္မတ နိုင်ငံ သမ္မတ João Manuel Gonçalves Lourençoနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က လက်ရှိ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများ ရောယှက်နေသော နိုင်ငံတကာ အခြေအနေမျိုးကို ရင်ဆိုင်ရာ၌ နှစ်နိုင်ငံတို့သည် ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံပြီး စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ကာ အပြန်အလှန် အားပေးထောက်ခံမှုကို ခိုင်မာပြတ်သားစွာ ပြုလုပ်၍ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သင့် ကြောင်း၊ တရုတ် နိုင်ငံ အနေနှင့် အန်ဂိုလာ နိုင်ငံ၏ နိုင်ငံတော် အချုပ်အခြာ အာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်ရေး အကောင်အထည် ဖော်ဆောင်ရန် ကြိုးပမ်းမှုများကို အားပေးထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

Lourençoက အန်ဂိုလာ-တရုတ် ဆက်ဆံရေးသည် အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားကြောင်း၊ တရုတ် နိုင်ငံမှ အားပေးထောက်ခံမှုနှင့် တရုတ် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် အန်ဂိုလာ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ တိုးမြှင့်ပေးကြောင်း၊ အန်ဂိုလာ နိုင်ငံသည် တရုတ် နိုင်ငံနှင့် အတူ နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုများပြားသည့် အောင်မြင်မှုများ အဆက်မပြတ် ရရှိရန် လက်တွဲ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။