လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးပြဿနာဆိုင်ရာ ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြ

(GMT+08:00)2024-03-16 12:33:05  

မတ်လ ၁၅ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၅ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂ ဂျီနီဗာရုံးနှင့် ဆွစ်ဇာလန် နိုင်ငံရှိ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Chen Xu က မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အောင်ကျိုးရလဒ်များကို မိတ်ဆက်ပြောကြားပြီး လူ့အခွင့်အရေးပြဿနာဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

Chen Xu က တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး လူ့အခွင့်အရေး စီမံခန့်ခွဲမှုကို ပါဝင်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန် အစဉ်တစိုက် တက်ကြွစွာဆောင်ရွက်ကြောင်း၊ လူ့အခွင့်အရေးအမျိုးမျိုးကို တန်းတူ အလေးထားပြီး ညီမျှစွာတွန်းအားပေးကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အရေးများကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်ရန် အမြဲတမ်း တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားပါသည်။