ဂျပန်နိုင်ငံသည် တတိယနိုင်ငံအား တိုက်လေယာဉ် ပုံစံသစ်များ တင်ပို့ရန် ခွင့်ပြုမည်

(GMT+08:00)2024-03-16 12:33:26  

ဂျပန်အာဏာရမဟာမိတ် Liberal Democratic Party နှင့် Komei Party အဆင့်မြင့်အဖွဲ့သည် မတ်လ ၁၅ရက်နေ့က အစည်းအဝေး ကျင်းပခဲ့ရာတွင် ဂျပန်နှင့် ဗြိတိန်၊ အီတလီတို့ ပူးပေါင်း သုတေသနထုတ်လုပ်သော ခေတ်သစ် တိုက်လေယာဉ်များကို တတိယနိုင်ငံအား တင်ပို့ရန် ခွင့်ပြုရေးကိစ္စနှင့်ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ကြောင်း၊ ဂျပန်မှ လက်နက်များ တင်ပို့မှု ကန့်သတ်ပိတ်ပင်ရေးကို တစ်ဆင့်တိုးဖြေလျှော့လာကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဂျပန်အာဏာရမဟာမိတ်အဖွဲ့၏ အဆိုပါစာချုပ်သည် ဂျပန်မှ တတိယနိုင်ငံအား တိုက်ခိုက်ရေးလက်နက်များကို တိုက်ရိုက်တင်ပို့ရေးတံခါးကို ဖွင့်လှစ်ပေးပြီး ဒုတိယ ကမ္ဘာစစ်ပွဲအပြီးတွင် ဂျပန်နိုင်ငံ၏ လုံခြုံမှု ထိန်းသိမ်းစောင့်ရှောက်ရေးပေါ်လစီ၏ နောက်ထပ် ပြောင်းလဲမှု တစ်ခု ဖြစ်ကြောင်း ဂျပန်မီဒီယာမှ ထုတ်ပြန်ချက်အရ သိရပါသည်။