ဖိလစ်ပိုင်သည် အခြေအနေကို ရှုပ်ထွေးစေမည့် ရန်စသည့်လုပ်ရပ်များကို ရပ်တန့်သင့်ပြီ ဟု တရုတ် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-03-15 22:57:43  

  မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန ပြန်ကြားရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ်၊ပြောရေးဆိုခွင့်ရှိသူ စီနီယာဗိုလ်မှူးကြီး Zhang Xiaogang က မကြာသေးမီက တပ်မတော်နှင့် ပတ်သက်သည့် သတင်းများကို ထုတ်ပြန်ခဲ့သည်။

သတင်းထောက် - မကြာသေးမီက တရုတ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘောများသည် Ren'ai Reef ၏ ရေပြင်တွင် ထပ်မံတိုက်မိခဲ့ကြောင်း သတင်းများအရ သိရသည်။ နှစ်ဖက် အငြင်းပွားမှု ရှိသည့် ပင်လယ်ရပ်ဝန်းတွင် ယခုနှစ်အတွင်း အငြင်းပွားမှု ဖြစ်ခဲ့တာ  ၁၀ ကြိမ်နီးပါးရှိပါပြီ။ အမေရိကန်သည် ဖိလစ်ပိုင်ကို ထောက်ခံသည့် "အမေရိကန်-ဖိလစ်ပိုင် ပူးတွဲကာကွယ်ရေး စာချုပ်"ကို ထပ်လောင်းပြောကြားခဲ့သည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူရဲ့ မှတ်ချက်က ဘယ်လိုရှိပါသလဲ။ 

Zhang Xiaogang - မတ်လ ၅ ရက်နေ့တွင် ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံ Nansha ကျွန်းစုရှိ Ren'ai Reef နှင့် ကပ်လျက်ရေပြင်အတွင်းသို့ ဝင်ကာ ၎င်း၏ တရားမဝင် သောင်တင်နေသော စစ်သင်္ဘောသို့ ဆောက်လုပ်ရေး ပစ္စည်းများအပါအဝင် ပစ္စည်းများ သယ်ယူရန် ကြံစည်ခဲ့သည်။ ဒီအတောအတွင်း တရုတ်ပင်လယ် စောင့်ကြပ်ရေးသင်္ဘောကိုလည်း တမင်တကာတိုက်မိခဲ့သည်။ တရုတ်ပင်လယ် စောင့်ကြပ် ရေး ရဲတပ်ဖွဲ့ သည် ဥပဒေနှင့်အညီ လိုအပ်သော ထိန်းချုပ်မှု အစီအမံများကို လုပ်ဆောင်ပြီး အခင်း ဖြစ်ပွားရာနေရာ၌ လုပ်ဆောင်ချက်များသည် ပရော်ဖက်ရှင်နယ်ကျပြီး တရားနည်းလမ်းကျကာ တရားဝင် ဖြစ်ပါသည်။ ဖိလစ်ပိုင်၏ ကျူးလွန်ရန်စမှုများကို မိမိတို့ ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း မိမိတို့က ဖော်ပြပါသည်။ တရုတ်နိုင်ငံသည် သက်ဆိုင်ရာအဖြစ်မှန်ဗီဒီယိုကို အမြန်ဆုံး ထုတ်ပြန်ခဲ့ပြီး အမှန်တရားကို သိသာထင်ရှားစွာ မြင်နိုင်ပါသည်ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။