“နွေဦးရာသီထဲက တရုတ်နိုင်ငံ” တစ်ကမ္ဘာလုံး မီဒီယာများ ဆွေးနွေးပွဲကို ချီကာဂိုတွင် ကျင်းပ

(GMT+08:00)2024-03-15 10:44:34  

China Media Groupမှ ကြီးမှူးပြီး အမေရိကန်-တရုတ် ကုန်သွယ်ရေးအသင်း ချီကာဂို အသင်းခွဲတို့ ပူးပေါင်းကျင်းပသော “နွေဦးရာသီထဲက တရုတ်နိုင်ငံ” တစ်ကမ္ဘာလုံး မီဒီယာများ ဆွေးနွေးပွဲ အမေရိကန် အထူးပွဲကို မတ်လ ၁၃ရက်နေ့က ချီကာဂို သက္ကသိုလ်တွင် ကျင်းပခဲ့ပါသည်။ တရုတ်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group (CMG) ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှေ့ဖုန်းတို့သည် ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ဟောင်း Max Baucus၊ Kansas ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Jeff Colye၊ ချီကာဂိုမြို့တော်ဝန်ဟောင်း Lori Lightfoot နှင့် ချီကာဂို ဒုတိယ မြို့တော်ဝန်ဟောင်း Samir Mayekar အပါအဝင် အမေရိကန်နိုင်ငံရေး၊ စီပွားကုန်သွယ်ရေးနှင့် ပညာရေးကဏ္ဍများမှ ရာနှင့်ချီသော ဧည့်သည်တော်များသည် ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပြီး “တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်မှု အတူ မျှဝေခံစားခြင်း"ဆောင်ပုဒ်ဖြင့် ကူလူးဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

CMG ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက China Media Group သည် လက်ရှိကမ္ဘာပေါ်တွင် အတိုင်း အတာအကြီးမားဆုံး၊ လုပ်ငန်းအမျိုးအစားအများဆုံး၊ လွှမ်းခြုံမှု အကျယ်ပြန့်ဆုံးသော နိုင်ငံတကာ မီဒီယာတစ်ခုအနေဖြင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ပြည်သူများ၊ တရုတ်နှင့် ကမ္ဘာ့ပြည်သူများအကြား ကူးလူးဖလှယ်သော၊ ကွဲပြားမှုများကို ဖယ်ရှားပြီး သဘောတူညီမှု ရှာကြံသော ကံကြမ္မာတူ ပေါင်းကူးတံတားကို တည်ဆောက်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေ ပါကြောင်း ပြောကြားခဲ့ပါသည်။