တရုတ်-လာအိုခရီးသည်တင် ရထားနှင့်ကုန်တင်ရထား ပို့ဆောင်ရေးပမာဏ တည်ငြိမ်စွာ တိုးတက်

(GMT+08:00)2024-03-15 12:45:33  

တရုတ်-လာအို မီးရထား စတင် ပြေးဆွဲချိန်မှစ၍ ခရီးသည်တင်ရထားနှင့်ကုန်တင်ရထား ပို့ဆောင်ရေး ပမာဏသည် တည်ငြိမ်စွာတိုးတက်လာပြီး နိုင်ငံတကာလမ်းကြောင်း၏ လမ်းပန်း ဆက်သွယ်ရေး ရှင်သန်မှု ထင်ရှားလာကြောင်း၊ ကုန်စည်ပို့ဆောင်ရေးသည် လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့ အပါအဝင် Belt and Roadအတူတည်ဆောက်ရေးနိုင်ငံ၁၂နိုင်ငံနှင့် တရုတ်နိုင်ငံရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသနှင့် ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သောမြို့ ၃၁ခုကို ရောက်ရှိပြီး လမ်းကြောင်းတစ်လျှောက် စက်မှု လုပ်ငန်း အဆင့်မြှင့်တင်ရေးနှင့် နိုင်ငံတကာ စီးပွားရေးကုန်သွယ်ရေးဖလှယ်မှုများကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သတင်းအရသိရပါသည်။