ဂါဇာဒေသ နေရာများစွာကို အစ္စရေး တိုက်ခိုက်၊ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဒုံးကျည် များ ဖြင့် ပစ်ခတ်

(GMT+08:00)2024-03-15 13:21:12  

မတ်လ ၁၄ရက်နေ့က အစ္စရေးတပ်ဖွဲ့သည် ဂါဇာဒေသတွင် စစ်ဆင်ရေးမှတ်တမ်းများ ကို ထုတ်ပြန်ခဲ့ပါသည်။ အစ္စရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Khan Younis မြို့ရှိ ဟားမတ်စ်အဖွဲ့၏ ပုန်းအောင်းရာနေရာနှင့် စစ်ရေးအဆောက်အအုံများကို တိုက်ခိုက်ခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။ ထိုနေ့တွင် အစ္စရေးတပ်ဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းမှ တိုက်ခိုက်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်ဟု သတင်းအရ သိရပါသည်။
    ပါလက်စတိုင်းသတင်းအေဂျင်စီက အစ္စရေးတပ်ဖွဲ့သည် မတ်လ ၁၃ရက်နေ့ ညမှ ၁၄ ရက်နေ့ မနက်ခင်း အချိန်ထိ ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းနှင့် အလယ်ပိုင်း နေရာများစွာကို တိုက်ခိုက်ခဲ့သဖြင့် ပါလက်စတိုင်းနိုင်ငံသား ၁၀ဦးကျော် သေဆုံးခဲ့ကြောင်း မတ်လ ၁၄ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။ ပါလက်စတိုင်း ဂျီဟတ်အဖွဲ့ လက်အောက်ရှိ Quds Force က အစ္စရေးတပ်ဖွဲ့၏ စစ်ဆင်ရေးကို တုံ့ပြန်သည့် အနေဖြင့် မိမိတို့သည် ဂါဇာကမ်းမြောင်ဒေသနှင့် နီးစပ်သော အစ္စရေး လူနေရပ်ကွက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မတ်လ ၁၄ရက်နေ့က ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။