ထိုင်းရေတပ် အခြေစိုက် စခန်းရှိ ဖရီးဂိတ်သင်္ဘောတစ်စီး မီးလောင်ရသည့် အကြောင်းရင်းမှာ အခြားစစ်သင်္ဘောမှ မတော်တဆ ထိမှန်ခဲ့ခြင်းကြောင့် ဖြစ်

(GMT+08:00)2024-03-15 12:46:11  

ဒေသစံတော်ချိန် ယခုလ ၁၄ ရက် နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ Chonburi ပြည်နယ် Sattahip ရေတပ်အခြေစိုက်စခန်းရှိ Kirirat ဖရီးဂိတ်သင်္ဘော၏ ပဲ့ပိုင်းသည် အနီးနားတွင် ဆိုက်ကပ်ထားသည့် "Chonburi" စစ်သင်္ဘောမှ မှားယွင်းစွာ အမြောက်ဆန် ပစ်ခတ်၍ ထိမှန်ခြင်း ခံရသောကြောင့် သင်္ဘောကိုယ်ထည် တိမ်းစောင်းကာ မီးလောင်သွားခဲ့သည်။ ရေတပ် အခြေစိုက်စခန်းမှ မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် သွားရောက် ကယ်ဆယ်ခဲ့ကြ သည်။ Kirirat ဖရီးဂိတ် သင်္ဘောပေါ်ရှိ စစ်သားအများအပြားသည် မီးခိုးငွေ့ရှူရှိုက်မိသည့် လက္ခဏာများ ပေါ်ပေါက်ခဲ့သည်။