ရုရှား သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ

(GMT+08:00)2024-03-15 11:43:02  

ဒေသစံတော်ချိန် မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီတွင် ရုရှား သမ္မတ ရွေးကောက်ပွဲ တရားဝင် မဲပေးခြင်းကို  Chukotka ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် Kamchatka Krai တို့တွင် စတင် ကျင်းပ ခဲ့သည်။

ရုရှားနိုင်ငံသည် စံတော်ချိန်ဇုန် ၁၁ ခု ဖြန့်ကျက်ထားပြီး အရှေ့ဖျားဒေသမှနေ Kaliningrad ဒေသအထိ မဲပေးမည်ဖြစ်သည်။ ရွေးကောက်ပွဲအတွက် မဲပေးမည့်ရက်မှာ သုံးရက်ရှိပြီး ၁၇ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ 

ရုရှား သမ္မတ ရွေးကောက်ပွဲ စည်းမျဉ်းများအရ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိသူသည် သမ္မတအဖြစ် ရွေးချယ်ခံရမည်။ သမ္မတလောင်း နှစ်ဦးထက်ရှိပြီး ၎င်းတို့အနက် တစ်ဦးတစ်ယောက်မှ ရွေးချယ်ခံရခြင်း မရှိပါက ဗဟို ရွေးကောက်ပွဲ ကော်မရှင်သည် ဆန္ဒမဲ အများ ဆုံးသော သမ္မတလောင်း နှစ်ဦးအတွက် ဒုတိယအကျော့ မဲပေးပွဲ ကျင်းပရန် ကြေညာမည် ဖြစ်ပြီး ဒုတိယအကျော့ မဲပေးပွဲတွင် ဆန္ဒမဲ အများဆုံးရသူကို သမ္မတအဖြစ် ရွေးချယ်မည်ဖြစ်သည်။ ရုရှား ဗဟို ရွေးကောက်ပွဲ ကော်မရှင်သည် သမ္မတရွေးကောက်ပွဲ ရလဒ်ကို မတ်လ ၂၈ ရက်နေ့ထက် နောက်မကျစေဘဲ အတည်ပြုမည်ဖြစ်ကာ ရွေးကောက်ပွဲရလဒ်များကို အတည်ပြုပြီးနောက် ၃ ရက်အတွင်းတွင် ရလဒ်ကြေညာမည်ဖြစ်သည်။