တရုတ်တစ်နိုင်ငံလုံး၏ ရေထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းများ၏ ရေပေးဝေနိုင်မှုပမာဏသည် ကုဗမီတာ ဘီလီယံ ၉၀၀ကျော်ရှိ

(GMT+08:00)2024-03-15 12:44:34  

မတ်လ ၁၄ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲ ကို ကျင်းပခဲ့ရာ ရေအရင်းအမြစ် ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ခံက တရုတ်နိုင်ငံ ရေဖူလုံရေး ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်း၏ အောင်ကြိုး ရလဒ်များကို မိတ်ဆက်ပေးခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၏ ပြည်နယ်၃၁ပြည်နယ် ရေကွန်ရက် တည်ဆောက်ရေး စီမံကိန်းကို ထုတ်ပြန်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။ ရေကွန်ရက် အဆင့်ဆင့် တည်ဆောက်ရေးကို တွန်းအားပေးပြီး မြို့ပြ-ကျေးလက်ပေါင်းစည်းမှု၊ တစ်နိုင်ငံလုံးတွင် အပြန်အလှန် ဆက်နွှယ်သော ရေကွန်ရက်စနစ် တည်ဆောက်မှုတို့ကို အရှိန်မြှင့်ဆောင်ရွက်နေ ကြောင်း သတင်းအရ သိရပါသည်။