ဉာဏ်ရည်တု နည်းပညာ ဖြင့် ကလေးများ၏ အခွင့်အရေးကို မြှင့်တင်ရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် နိုင်ငံပေါင်း၈၀ကို ကိုယ်စားပြု၍ လူ့အခွင့်အရေးကောင်စီတွင် ပူးတွဲမိန့်ခွန်းပြောကြား

(GMT+08:00)2024-03-15 11:43:44  

မတ်လ ၁၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံး၊ ဆွစ်ဇာလန်နိုင်ငံရှိ အခြား နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့မှ သံအမတ်ကြီး Chen Xu သည် ၅၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံပေါင်း၈၀ကို ကိုယ်စားပြု၍ ဉာဏ်ရည်တုနည်းပညာဖြင့် ကလေးများ၏ အခွင့်အရေးကို မြှင့်တင်ရေးနှင့် ပတ်သက်ပြီး ပူးတွဲမိန့်ခွန်း ပြောကြားခဲ့သည်။ 

အဆိုပါ ပူးတွဲမိန့်ခွန်းတွင် ဉာဏ်ရည်တုနည်းပညာသည် လူသား ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်သစ် တစ်ခု ဖြစ်ကြောင်း၊ အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူမျှဝေရေး အယူအဆကို စွဲကိုင်ပြီး ဉာဏ်ရည်တု စီမံခန့်ခွဲရေးကို လက်တွဲ တွန်းအား ပေးရမည်ဖြစ်ကြောင်း၊ ကလေးများ သည် လူသားတို့၏ အနာဂတ်နှင့် မျှော်လင့်ချက် ဖြစ်ကြောင်း၊ မျိုးဆက်သစ် ကလေးများ သည် ဉာဏ်ရည်တု နည်းပညာကို အသုံးပြုပြီး ဉာဏ်ရည်တုနည်းပညာ၏အကျိုးကို ခံစားကြသည့် အဓိက အုပ်စုများထဲမှ တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။