ဝမ်ယိသည် မတ်လ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ နယူးဇီလန်နှင့် သြစတြေးလျကို တရားဝင် ခရီး လှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-03-15 11:41:04  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က နယူးဇီလန် ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြား ချက် အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိသည် မတ်လ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ နယူးဇီလန်နှင့် သြစတြေးလျ ကို တရားဝင် ခရီး လှည့်လည်မည်ဖြစ်ပြီး ၎င်းခရီးစဉ်တွင် ဝမ်ယိသည် သြစတြေး လျ နိုင်ငံခြားရေးဝန်ကြီး Penny Wong နှင့် သတ္တမအကြိမ်မြောက် တရုတ်-သြစတြေးလျ သံတမန်ရေးနှင့် မဟာဗျူဟာ ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ကြောင်း မတ်လ ၁၄ရက်နေ့တွင် ပြုလုပ်သော  ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။