အမေရိကန် SpaceX ကုမ္ပဏီမှ Starship ဒုံးပျံကို တတိယအကြိမ် စမ်းသပ်ပစ်လွှတ်၊ ဒုတိယအကြိမ် လေထုလွှာကို ဖြတ်သန်းစဉ် အဆက်အသွယ် ပြတ်တောက်

(GMT+08:00)2024-03-15 11:42:25  

   ဒေသစံတော်ချိန် မတ်လ ၁၄ ရက်နေ့က အမေရိကန် SpaceX ကုမ္ပဏီမှ Starship အလေးစား သယ်ဆောင်ဒုံးပျံကို တတိယအကြိမ်အဖြစ် စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း၊ Starship ၏ ဒုတိယအဆင့် အာကာသယာဉ်သည် ဒုတိယအကြိမ် လေထုလွှာကို ဖြတ်သန်းရာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်ဟု SpaceX ကုမ္ပဏီ က ဖော်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

   ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် Starship ဒုံးပျံကို တက္ကဆက်ပြည်နယ်တွင် ပထမဆုံး အကြိမ် စမ်းသပ် ပစ်လွှတ်ခဲ့စဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး မက္ကဆီကို ပင်လယ်ကွေ့ ထဲသို့ ကျသွားခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် Starship ဒုံးပျံကို ဒုတိယအကြိမ် စမ်းသပ် လွှတ်တင်ခဲ့စဉ်တွင်လည်း booster စက်နှင့် အာကာသယာဉ် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။