ကန်အောက်လွှတ်တော်သည် Tik Tok နှင့်ပတ်သက်သော ဥပဒေကြမ်းကို မဲပေး အတည်ပြု

(GMT+08:00)2024-03-14 14:44:17  

အမေရိကန်အောက်လွှတ်တော်သည် မတ်လ ၁၃ရက်နေ့ နံနက်ပိုင်းကနိုင်ငံခြား ပြိုင်ဘက်များ ထိန်းချုပ်ထားသော အက်ပလီကေးရှင်းများ၏ ထိခိုက်မှုများကို ရှောင်ရှားရန် အမေရိကန်နိုင်ငံသားများ အကာအကွယ်ပေးရေးဟူသော ယုတ္တိမရှိသော ဥပဒေကြမ်း တစ်ရပ်ကို မဲပေးအတည်ပြုခဲ့ပါသည်။ ယင်းဥပဒေကြမ်းတွင်Byte Dance အား အက်ပလီကေးရှင်း Tik Tok ထိန်းချုပ်မှုကို ရပ်စဲရန်၊ သို့မဟုတ်လျှင် အမေရိကန်နိုင်ငံတွင် Tik Tok ကို ပိတ်ပင်ရန် တောင်းဆိုထားပါသည်။ ယင်းဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်တွင် အတည်ပြုပြီး ှသာ အမေရိကန်နိုင်ငံသမ္မတ ဂျိုး ဘိုင်ဒန် ထံသို့ တင်ပြ နိုင်မည် ဖြစ်ပါ သည်။