တရုတ်ပြည်ထုတ် စီးပွားဖြစ်လေယာဉ် ARJ21 နှင့် C919 ကို မလေးရှား တွင် ပြသ

(GMT+08:00)2024-03-14 14:47:23  

မကြာခင်က တရုတ်ပြည်ထုတ် စီးပွားဖြစ်လေယာဉ် ARJ21 နှင့် C919 ကို မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်ရှိ စူတန်အာပူတူလယ်·အာချီဇီ·ရှာအာ လေဆိပ်တွင် ပြသမှုနှင့် သရုပ်ပြပျံသန်းမှုများ  ပြုလုပ် ခဲ့သည်။

မလေးရှားနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလူကျောင်ဖူ၊ ရင်းနှီးမြှုပ်နှံရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုဝန်ကြီး လျူကျင့်တွန်၊ ဆီလန်ဂေါပြည်နယ်ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်မှု စီမံအုပ်ချုပ်ရေး လွှတ်တော်အမတ် ဟွမ်စီးဟန်နှင့် ဒေသခံရင်းနှီးမြှုပ်နှံရေးအေဂျင်စီ၊ မြို့ပြ လေကြောင်းဌာနများနှင့် လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် ARJ21 နှင့် C919လေယာဉ် အတွင်း လေ့လာ ကြည့်ရှုခဲ့ ကြသည်။