အမေရိကန်သမ္မတသစ်ဟာ မည်သူဘဲဖြစ်ဖြစ် နှစ်နိုင်ငံကို ပိုမို ကောင်းမွန်အောင် အကျိုးပြုစွမ်းဆောင်နိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-03-14 14:43:07  

မတ်လ ၁၃ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံ များ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသောမူကို အစဉ်တစိုက် စွဲကိုင် ထားပြီး အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲကို ဝင်စွက်မည် မဟုတ် ကြောင်း၊ မိမိတို့ပြောချင်သည်မှာ တရုတ်-အမေရိကန်ဆက်ဆံရေး ကောင်းမွန်စွာ တိုးတက်ခြင်းသည် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူများ၏အရင်းခံအကျိုးစီးပွားနှင့်ကိုက်ညီသည့်အပြင် နိုင်ငံ တကာ အသိုင်းအဝိုင်း၏ ကျယ်ပြန့်သော မျှော်လင့်ချက်လည်း ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ သမ္မတသစ်ကို မည်သူဘဲ ထမ်းဆောင် ထမ်းဆောင် မိမိတို့သည် အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံနှင့် တူညီသော ရည်ရွယ်ချက်အတိုင်း ကြိုးပမ်းဆောင်ရွက်ပြီး တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေခြင်းမူများအတိုင်း တရုတ်-အမေရိကန်ဆက်ဆံရေး ခြေလှမ်း မှန်မှန်ဖြင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးကာ နှစ်နိုင်ငံကို ပိုမို ကောင်းမွန်အောင် အကျိုးပြုစွမ်းဆောင်နိုင်ပြီး ကမ္ဘာအား အကျိုး ပိုမိုများပြားစွာ ပေးဆောင်နိုင် ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။