တရုတ်နိုင်ငံ သည် ဆွစ်ဇာလန် အပါအဝင် နိုင်ငံပေါင်း (၆) နိုင်ငံအတွက် ဗီဇာ ကင်းလွတ်ခွင့် ကို ယနေ့မှစ၍ စမ်းသပ်ကျင့်သုံးမည်

(GMT+08:00)2024-03-14 14:45:12  

  မတ်လ ၁၄ ရက်နေ့မှစတင်၍ တရုတ်နိုင်ငံသည် ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ဟန်ဂေရီ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် လပ်ဇင်းဘတ် အပါအဝင် နိုင်ငံ၆နိုင်ငံမှ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထား သူများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို စမ်းသပ်ကျင့်သုံးမည်ဖြစ်သည်။ ယင်းသည် တရုတ်-ထိုင်း နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် ယခုလ ၁ ရက်နေ့ တွင် တရားဝင် အသက်ဝင်ခဲ့ ပြီးနောက် တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့် သည့် “မိတ်ဆွေအသိုင်းအဝိုင်း” များသို့ နောက်ထပ် တိုးချဲ့မှုတစ်ခုဖြစ်သည်။

မတ်လအစောပိုင်းအထိ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၇နိုင်ငံနှင့် မတူညီသော နိုင်ငံကူး လက်မှတ်များပါဝင်သည့် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သဘောတူ ညီချက်များ ကို ချုပ်ဆိုခဲ့ပြီး ဗီဇာလုပ်ထုံးလုပ်နည်းများကို လွယ်ကူစေရန် နိုင်ငံပေါင်း ၄၄နိုင်ငံနှင့် သဘော တူညီချက် သို့မဟုတ် အစီအစဉ်များ ရရှိခဲ့သည်။