၅၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ လူ့အခွင့် အရေး တိုးတက်မှု စီမံကိန်းနှင့် အတွေ့အကြုံများကို တရုတ် ပညာရှင်များက မိတ်ဆက်ပေး

(GMT+08:00)2024-03-14 14:46:52  

၅၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပပါသည်။ မကြာခင်ရက်များက တရုတ် လူ့အခွင့်အရေးဆိုင်ရာ သုတေသနအဖွဲ့မှ ကျွမ်းကျင်သူ ပညာရှင်များသည် အဆိုပါ အစည်းအဝေး တွင် မသန်စွမ်းသူများအား ဝန်ဆောင်မှုများနှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ အခွင့်အရေးများ ကာကွယ်ပေးရေး စသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ စီမံကိန်းများနှင့် လက်တွေ့ ကျသော အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သတင်းအရ သိရှိရ သည်။