ယူကရိန်းက ရုရှားဝက်ဘဆိုဒ်များကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း ဆို

(GMT+08:00)2024-03-14 14:48:16  

ယူကရိန်းနိုင်ငံတော်သတင်းဌာနမှ မတ်လ ၁၃ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းအရ ထိုနေ့တွင်ပင် ယူကရိန်းဆိုက်ဘာအဖွဲ့များသည် ဟက်ကာနည်းပညာဖြင့် မော်စကိုမြို့ မြေအောက်ရထားအတွက် ဝန်ဆောင်မှုပေးသည့် Troika ငွေပေးချေမှုစနစ် အပါအဝင် ရုရှားနိုင်ငံ၏ ဝဘ်ဆိုဒ်များကို ဖောက်ထွင်းဝင်ရောက်ခဲ့သည်ဟု ယူကရိန်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဌာနက ဖော်ပြခဲ့ကြောင်း သိရပါသည်။

လက်ရှိအချိန်အထိ ရုရှားဘက်မှ ဘာမှ တုံ့ပြန်မှု မရှိသေးကြောင်း  သိရှိရ သည်။