အမေရိကန်က ဘာဖြစ်လို့ ဖိလစ်ပိုင်အတွက် လေထဲတိုက်အိမ်ဆောက်ပေးတာလဲ

(GMT+08:00)2024-03-14 14:42:43  

 ဒီလ ၁၂ ရက်နေ့မှာ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး Raimondo က အမေရိကန်ဟာ ဖိလစ်ပိုင်ကို တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး စက်ရုံများ တစ်ဆ တိုးလာအောင် အကူအညီပေးပြီး ဒီလိုနဲ့ "နိုင်ငံတကာ ချစ်ပ်ပြား ထောက်ပံ့ရေး ကွင်းဆက် စုစည်းလွန်းတာ" ကို ရှောင်ရှားမယ်လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ပြောခဲ့တယ်။ ယင်းမတိုင်ခင်ကလည်း အမေရိကန်ကုမ္ပဏီများက ဖိလစ်ပိုင်အား ဒေါ်လာ သန်း ၁၀၀၀ ကို ရင်းနှီးမြှုပ်နှံမယ်လို့လည်း သူမက ကြေညာခဲ့တယ်။ အဲဒါဟာ စိတ်ရင်းမှန်နဲ့ အကူအညီ ပေးချင်တာလား၊ ဒါမှမဟုတ် တခြားကြံဆမှုတွေ ရှိတာလား။

   Raimondo က အမေရိကန် ကုမ္ပဏီများ ဖိလစ်ပိုင်မှာ ငွေရင်းမြှုပ်နှံမှု တိုးပေးမယ်လို့ ကြေညာပေမယ့် အသေးစိတ် ဘယ်လို ငွေရင်းမြှုပ်နှံမလဲ ဆိုတာတော့ မကြေညာခဲ့ပါဘူး။ အကဲခတ်များက အမေရိကန်ရဲ့ "ပါးစပ်နဲ့ပဲ လေထဲ တိုက်အိမ် ဆောက်"တဲ့ လုပ်ထုံးလုပ်နည်းတွေကို ကြည့်ခြင်းအားဖြင့် ဖိလစ်ပိုင်မှာ ငွေရင်းမြှုပ်နှံမှု ဘယ်လောက် တိုးပေးနိုင်မလဲ ဆိုတာ မသင်္ကာဖွယ်ရာပဲ ဖြစ်တယ်လို့ ထောက်ပြခဲ့ကြတယ်။

   ဒေသတွင်း မဟုတ်တဲ့ နိုင်ငံကြီး တစ်နိုင်ငံ အနေနဲ့ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ပထဝီဝင် နိုင်ငံရေး ကြံဆမှု ရှိပြီး အဲဒါကတော့ ဖိလစ်ပိုင်ကို အသုံးချပြီး တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ဖို့၊ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအား ဟန့်တားဖို့ပဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် တောင်ပင်လယ်ရေးရာမှာပဲ အမေရိကန်ဟာ အလွန်အကျွံ ပါဝင်နေပါပြီ။ ဒီတစ်ကြိမ် Raimondo က ကုမ္ပဏီများအဖွဲ့ကို ဦးဆောင်ပြီး ဖိလစ်ပိုင်မှာ ခရီးလှည့်လည်စဉ်မှာလည်း နှစ်ဖက်အကြား မဟာမိတ်ဟာ "အင်မတန် ခိုင်မာတယ်"လို့ လေလုံးထွားပြီး ရည်ရွယ်ချက်ကတော့ ဖိလစ်ပိုင်ကို အမေရိကန်ရဲ့ "အာရှ ပစိဖိတ် စစ်ကားများ" နဲ့ ချည်နှောင်ထားဖို့ပဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အဖို့ အမေရိကန်ရဲ့ ကြံဆချက်ကို မသိဘူးတော့ မဟုတ်ပါ။ ဖိလစ်ပိုင်ကလည်း ဖိလစ်ပိုင်ရဲ့ ကြံဆချက် ရှိတယ်။ အဲဒါကတော့ အမေရိကန် ဗိုလ်ကျစိုးမိုးမှုကို အသုံးပြုပြီး တောင်ပင်လယ်ဒေသမှာ မသမာတဲ့ ရည်ရွယ်ချက်တွေ ဖော်ဆောင်ဖို့၊ ပြီးတော့ တရုတ်ပြည်ရဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှု ဖွံ့ဖြိုးခြင်းကို အမေရိကန်က ဖိနှိပ် ဟန့်တားတဲ့ ကြံစည်မှုထဲကနေ အကျိုးအမြတ် အနည်းငယ် ရရှိဖို့ပဲ ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ပိုင် မဟုတ်တဲ့ ပစ္စည်းကို ရရှိဖို့ ကြံဆခြင်းဟာ အမြတ်မထွက် အရှုံးဖက် ဖြစ်မည်သာ ဖြစ်ပြီး ဖိလစ်ပိုင် အနေနဲ့ အမေရိကန်ရဲ့ လေထဲတိုက်အိမ် ဆောက်ပေးခြင်း လိမ်ညာမှုကို သတိထားသင့်ပြီလို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။