မြန်မာနိုင်ငံ မြဝတီတွင် လောင်းကစား လိမ်လည်မှု နဲ့ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ထိုင်းနိုင်ငံကနေ တစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်ပို့

(GMT+08:00)2024-03-14 14:43:52  

မကြာသေးမီက တရုတ်၊ ထိုင်း၊ မြန်မာ ၃ နိုင်ငံတို့မှ သက်ဆိုင်ရာဌာနများ၏ သဘောတူညီမှုဖြင့် မြန်မာနိုင်ငံ မြဝတီတွင် လောင်းကစား လိမ်လည်မှုများနှင့် ပတ်သက်သည့် တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ထိုင်းနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့  ပြန်ပို့လိုက်သည်။

၂၀၂၃ ခုနှစ် မတ်လတွင် နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကဲ့သို့သော ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် တရုတ်ရဲတပ်ဖွဲ့သည် မြန်မာ၊ ထိုင်းနိုင်ငံတို့မှ ဥပဒေ စိုးမိုးရေး အေဂျင်စီများနှင့် ပူးပေါင်းနှိမ်နင်းမှုအား စတင်ခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် သက်ဆိုင်ရာနိုင်ငံများနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း ခိုင်မာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံဖြတ်ကျော် အွန်လိုင်း လိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှု စသည့် ရာဇဝတ်မှုများအား နှိမ်နင်းရန်နှင့် ပြည်သူများ၏ အသက်နှင့် ဓနဥစ္စာ လုံခြုံမှုကို ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။