ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် ဂါဇာတွင် လူပေါင်း ၃၁၂၀၀ ကျော် သေဆုံးဟု ဂါဇာဒေသကျန်းမာရေးဌာနက

(GMT+08:00)2024-03-14 14:44:40  

 ဂါဇာကမ်းမြောင် ဒေသ ကျန်းမာရေးဌာနမှ မတ်လ ၁၃ ရက်နေ့တွင် ကြေညာချက်၁ရပ်ကို ထုတ်ပြန်ခဲ့ရာ၊ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ၌ စစ်ဆင်ရေး ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး လူဦးရေ စုစုပေါင်း  ၈၈ ဦးသေဆုံးကာ  ၁၃၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ သည်။

   ယမန်နှစ် အောက်တိုဘာလ ၇ ရက်နေ့က ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ ဖြစ်ပွားလာကတည်းက ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်းလူမျိုးစုစုပေါင်း ၃၁၂၇၂ ဦး သေဆုံးပြီး ၇၃၀၂၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။