၈ ကြိမ်မြောက် တရုတ်-နေတိုး လုံခြုံရေး မူဝါဒ ဆွေးနွေးပွဲကို ဘေကျင်း၌ ကျင်းပ

(GMT+08:00)2024-03-14 14:47:54  

၈ ကြိမ်မြောက် တရုတ်-နေတိုး လုံခြုံရေး မူဝါဒ ဆွေးနွေးပွဲကို မတ်လ ၁၃ ရက်နေ့က ဘေကျင်းမြို့တွင် ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ ဗဟိုစစ်ရေးကော်မရှင် နိုင်ငံတကာ စစ်ရေး ပူးပေါင်းဆောင်ရွက်ရေးရုံးနှင့် နေတိုးနိုင်ငံတကာ စစ်ဦးစီးဌာနချုပ် ပူးပေါင်း ဆောင်ရွက် ရေးနှင့် လုံခြုံရေးဌာနမှ ခေါင်းဆောင်များ အတူ ဦးစီးကျင်းပခဲ့ပါသည်။ နှစ်ဖက်တို့သည် တရုတ်နှင့် နေတိုးအကြား ကာကွယ်ရေးများ ဖလှယ်ခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ များ စသည့်  ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။