ဂျိုးဘိုင်ဒန် နှင့် ဒေါ်နယ်ထရမ့် သည် ကန်သမ္မတရွေးကောက်ပွဲ မစ္စစ္စပီပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ အကြိုရွေးကောက်ပွဲနှင့် ရီပတ်ဘလစ်ကန်ပါတီ၏ အကြို ရွေးကောက်ပွဲတွင် အသီးသီးအနိုင်ရရှိမည်ဟု မီဒီယာများ ခန့်မှန်းဖော်ပြ

(GMT+08:00)2024-03-13 15:46:59  

အမေရိကန်နိုင်ငံ၏လက်ရှိသမ္မတ ဂျိုး ဘိုင်ဒန် သည် ၂၀၂၄ခုနှစ် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ မစ္စစ္စပီပြည်နယ် ဒီမိုကရက်တစ်ပါတီ၏  အကြိုရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့် သည်လည်း မစ္စစ္စပီပြည်နယ် ရီပတ်ဘလစ်ကန် ပါတီ၏ အကြိုရွေးကောက်ပွဲတွင် အနိုင်ရရှိမည် ဖြစ်ကြောင်း အမေရိကန်မီဒီယာ အများ အပြားသည် မတ်လ ၁၂ရက်နေ့က ခန့်မှန်းဖော်ပြခဲ့ကြပါသည်။

    ဂျိုးဘိုင်ဒန် သည် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ထက်ဝက်ကျော်၏ ထောက်ခံမဲ များ ရရှိခဲ့သဖြင့် ၂၀၂၄ခုနှစ် အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲ ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် အရွေးခံရပြီ ဖြစ်ကြောင်း ထိုနေ့အစောပိုင်းတွင်  အမေရိကန် ပင်မ မီဒီယာ အများအပြားက  တွက်ချက်ဖော်ပြခဲ့ကြပါသည်။