ပျက်ကျခဲ့သော IL-76 ပို့ဆောင်ရေး လေယာဉ်ပေါ်ပါ လူအားလုံး သေဆုံးခဲ့သည်ဟု ရုရှား Orenburg ပြည်နယ်မှူး ဆို

(GMT+08:00)2024-03-13 15:27:13  

ဒေသစံတော်ချိန် မတ်လ ၁၂ ရက်နေ့က ရုရှားနိုင်ငံ Ivanovo ပြည်နယ်၌ ပျက်ကျခဲ့သည့် IL-76 ပို့ဆောင်ရေး လေယာဉ်ပေါ်တွင် လူ ၁၆ ဦး လိုက်ပါလာခဲ့ပြီး ၎င်းတို့အနက် ၅ ဦးမှာ အမှတ် ၁၁၇  စစ်ဘက် ပို့ဆောင်ရေးလေကြောင်း တပ်ဖွဲ့မှ လေယာဉ်မှူးများဖြစ်ကြောင်း၊  လေယာဉ်ပေါ်ပါ လူအားလုံး သေဆုံးခဲ့ကြောင်း Orenburg ပြည်နယ်မှူးက လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အစောပိုင်းတွင် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ရာ လေယာဉ်ပျက်ကျခဲ့သည့် အကြောင်းရင်းမှာ လေယာဉ် ပျံတက်ချိန်တွင် အင်ဂျင်တစ်လုံး မီးလောင်သွားခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။