တရုတ်နိုင်ငံသည် တောင်ပင်လယ် ကျွန်းစုများအပေါ် အချုပ်အခြာအာဏာပိုင်ခွင့်ရှိပြီး တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်ပင်လယ်တွင် နယ်မြေငြင်းခုံမှု မရှိကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-03-13 15:44:34  

 

 ယခုလ ၁၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပပြီး၊ တောင်ပင်လယ်ရေးရာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖော်ပြချက်နှင့် စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် တောင်ပင်လယ်ကျွန်းစုများအပေါ် ငြင်းခုံ၍မရသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိပြီး၊ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်ပင်လယ်တွင် နယ်မြေ ငြင်းခုံမှု မရှိကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုနှင့် တောင်ပင်လယ် အေးချမ်းတည်ငြိမ်မှုကို  ရှေးရှုပြီး၊ ပင်လယ်ရေကြောင်းအခြေအနေ စီမံထိန်းချုပ်ရန်နှင့် ပင်လယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တရုတ်မှ ဖိလစ်ပိုင်သို့ ကမကထ ပြုလုပ် ခဲ့ကြောင်း၊ ယင်းသည် စေ့စပ်ညှိနှိုင်းခြင်းဖြင့် သဘောကွဲလွဲမှုကို စီမံထိန်းချုပ်သည့် တရုတ်နိုင်ငံ၏ စိတ်ရင်းစေတနာနှင့် စိတ်ကောင်းစေတနာကောင်းများကို အပြည့်အဝ ထင်ဟပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။